Design Thinking

💡 Ideate: အကန့်အသတ်မဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ခြင်း

Dr. Yelwin
February 22, 2026
90 Views
💡   Ideate: အကန့်အသတ်မဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ခြင်း

ပြဿနာကို တိတိကျကျ သိသွားပြီဆိုရင်တော့... ၊ လက်တွေ့လုပ်ဆောင်ဖို့စတင်ရတော့မှာပါ။ စတင်ဖို့ အဆင်သင့်ပဲလား? အခုရောက်ရှိနေတဲ့အဆင့်ကတော့ Design Thinking process ထဲမှာ အ ရေးအကြီးဆုံးနဲ့ စိတ်ဝင်စားဖို့ကောင်းဆုံးဖြစ်တဲ့ "Ideate" (အကြံဉာဏ်များ ထုတ်ဖော်ခြင်း) အဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို "မဖြစ်နိုင်ဘူး" ဆိုတဲ့ သံခြေကျင်းတွေ ခတ်မထားပါနဲ့။ လူပြိန်းကြံ ကြံမလား၊ ရူးကြောင်ကြောင်နိုင်တဲ့ အကြံဉာဏ်တွေ ထုတ်မလား... အကုန်လုံးကို ဖိတ်ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ "ရူးကြောင်ကြောင်နိုင်တဲ့ စိတ်ကူးတွေထဲကနေပဲ ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ့် ဆန်းသစ်မှုတွေ ထွက်ပေါ်လာတတ်လို့" ပါပဲ။ 🚀 "How Might We...?" (ငါတို့ ဘယ်လိုမျိုး... လုပ်ပေးနိုင်မလဲ?) ဒီအဆင့်မှာ ကျွန်တော်တို့ရဲ့ အတွေးတွေကို လမ်းဖွင့်ပေးဖို့ မန္တန်တစ်ခု ရှိပါတယ်။ အဲဒါကတော့ HMW (How Might We) မေးခွန်းတွေပဲ ဖြစ်ပါတယ်။ "ငါတို့ ဝန်ထမ်းတွေအတွက် မနွှေးရဘဲနဲ့ အလိုအလျောက် အမြဲပူနေမယ့် ထမင်းချိုင့်မျိုးကို ဘယ်လိုမျိုး ဖန်တီးပေးနိုင်မလဲ?" "ငါတို့ ဝန်ထမ်းတွေ Microwave ရှေ့မှာ တန်းစီစရာမလိုဘဲ အချိန်ကုန်သက်သာအောင် ဘယ်လို ဆန်းသစ်တဲ့ နည်းလမ်းတွေ သုံးနိုင်မလဲ?" 🔥 အားလုံးပါဝင်နိုင်မယ့် လေ့ကျင့်ခန်း (Brainstorming Time!) အခု သင့်အလှည့်ရောက်ပါပြီ။ ကျွန်တော်တို့ရဲ့ အလုပ်စားပွဲမှာ အေးစက်နေတဲ့ ထမင်းချိုင့်ကိုကြည့်ပြီး စိတ်ပျက်နေရတဲ့ ဝန်ထမ်းတွေအတွက် အကောင်းဆုံးစ်ိတ်ကူးအကြံဉာဏ်တွေထုတ်ကြည့်ကြရအောင်။ စည်းကမ်းချက်တစ်ခုပဲ ရှိပါတယ်။ "ဒါကတော့ မဖြစ်နိုင်ပါဘူး" ၊ "ဒါကတော့ ပိုက်ဆံအကုန်များမှာပဲ" ဆိုတဲ့ အတွေးတွေကို ခဏတာ မေ့ပစ်လိုက်ပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သင့်ခေါင်းထဲမှာရှိတဲ့ အကြံဉာဏ် (၃) ခုကို အောက်က Comment မှာ ချရေးခဲ့ပေးပါ။ ဥပမာ (ရူးကြောင်ကြောင် အကြံဉာဏ်): ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ထမင်းချိုင့်ကို နေရောင်ခြည်နဲ့ အလိုအလျောက် နွှေးပေးမယ့် Solar Case လေးတွေ လုပ်ပေးမယ်။ ဥပမာ (နည်းပညာသုံး အကြံဉာဏ်): ဖုန်း App ကနေ လှမ်းနှိပ်လိုက်တာနဲ့ အပူပေးစနစ် ပွင့်သွားမယ့် Smart Lunch Box စီစဉ်မယ်။ သင့်ရဲ့ အကြံဉာဏ်ကရော...? "အရည်အသွေးထက် အရေအတွက်က ပိုအရေးကြီးတဲ့ အချိန်ပါ။ စိတ်ကူးတွေ များများထုတ်လေ၊ အကောင်းဆုံး အဖြေ ရှာတွေ့ဖို့ နီးစပ်လေပါပဲ။" ဘယ်လို ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းပေးရင် ကောင်းမလဲဗျာ? သင့်ရဲ့ အကြံဉာဏ်တွေကို မျှဝေပေးခဲ့ပါဦး! 👇 Written by Dr.Ye Lwin

Related Articles (Design Thinking)

Comments (0)

No comments yet. Be the first to share your thoughts!