Design Thinking

💡 Design Thinking - ပြဿနာအစစ်ကို ရှာဖွေခြင်း (Define)

Dr. Yelwin
February 22, 2026
83 Views
💡 Design Thinking - ပြဿနာအစစ်ကို ရှာဖွေခြင်း (Define)

ပြီးခဲ့တဲ့ အပိုင်းမှာ ကျွန်တော်တို့ Empathy (စာနာနားလည်မှု) အဆင့်ကို ပြောခဲ့ကြပြီးပြီနော်။ အချက်အလက်တွေ အများကြီး ရလာပြီဆိုရင် နောက်တစ်ဆင့်က အရေးကြီးဆုံးပဲ။ အဲ့ဒါကတော့ "တကယ့် ပြဿနာအစစ်က ဘာလဲ" ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတာ (Define) ပါပဲ။ 🎯 ဘာလို့ Define လုပ်ဖို့ လိုတာလဲ? ပြဿနာကို မှားယွင်းစွာ သတ်မှတ်မိရင် ကျွန်တော်တို့ ထွက်လာမယ့် Solution (အဖြေ) ကလည်း လွဲနေမှာမို့လို့ပါ။ ဥပမာလေးတစ်ခု ကြည့်ရအောင် - ရိုးရိုးရှင်းရှင်း ပြဿနာ: "အဘိုးအဘွားတွေ ဖုန်းသုံးရတာ ခက်နေတယ်။" Define လုပ်ထားတဲ့ ပြဿနာ: "အဘိုးအဘွားတွေဟာ သားသမီးတွေနဲ့ အမြဲအဆက်အသွယ် ရှိချင်ကြပေမဲ့၊ ဖုန်း Screen ပေါ်က သေးငယ်တဲ့ စာလုံးတွေနဲ့ ရှုပ်ထွေးတဲ့ Menu တွေကြောင့် ဖုန်းသုံးရမှာကို စိုးရိမ်ကြောက်လန့် နေကြပါတယ်။" တွေ့လားဗျာ... Define လုပ်လိုက်တဲ့အခါ "စာလုံးကြီးဖို့လိုတယ်"၊ "Menu ရှင်းဖို့လိုတယ်" ဆိုတဲ့ အဖြေတွေပါ တစ်ခါတည်း မြင်သာလာစေပါတယ်။ ဒါကို Problem Statement လို့ ခေါ်ပါတယ်။ 📝 လေ့ကျင့်ခန်း (Defining the Problem) ကဲ... ရှေ့က "ထမင်းချိုင့်" ဥပမာလေးကိုပဲ ဆက်သွားရအောင်။ သင်က အလုပ်လုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးတွေကို မေးမြန်းကြည့်တဲ့အခါ ဒီလို အဖြေမျိုး ရလာတယ် ဆိုပါစို့။ "ကျွန်မတို့က အိမ်စာလေး လတ်လတ်ဆတ်ဆတ် စားချင်တာ။ ဒါပေမဲ့ ရုံးရောက်ရင် ထမင်းချိုင့်က အေးစက်နေပြီ။ ရုံးက Microwave မှာ နွှေးဖို့ကျတော့လည်း လူတွေအများကြီး တန်းစီနေရလို့ အနားယူချိန်က ကုန်သွားရော။" အပေါ်က စကားပြောချက်ကို ကြည့်ပြီး "တကယ့်ပြဿနာက ဘာလဲ" ဆိုတာကို စာတစ်ကြောင်းတည်းနဲ့ Problem Statement ရေးကြည့်ရအောင်။ 👉 ရေးရမယ့် ပုံစံ - [ဘယ်သူက] + [ဘာဖြစ်ချင်တာလဲ] + [ဒါပေမဲ့ ဘာကြောင့် အခက်အခဲဖြစ်နေတာလဲ] 💬 Comment မှာ ဝင်ရေးခဲ့ပါဦး! "ရုံးဝန်ထမ်းတွေဟာ နေလည်စာကို ........... ချင်ပေမဲ့၊ ........... ကြောင့် အခက်တွေ့နေရပါတယ်။" ဒီနေရာမှာ သင်သာ Designer တစ်ယောက်ဆိုရင် ဒီပြဿနာကို ဘယ်လိုမြင်လဲ? စာတစ်ကြောင်းတည်းနဲ့ Comment မှာ ရေးပေးသွားပါဦးဗျာ။ အကောင်းဆုံး Define လုပ်နိုင်တဲ့သူကို ဝိုင်းဝန်း ဂုဏ်ပြုပေးကြရအောင်! 👇 Written by Dr.Ye Lwin #DesignThinking #ProblemSolving #DefiningTheProblem #Innovation #UserExperience

Related Articles (Design Thinking)

Comments (0)

No comments yet. Be the first to share your thoughts!