Design Thinking

🚀 Design Thinking အပိုင်း (၆) - Ideation & Prototype Matrix (ရွေးချယ်ခြင်းနှင့် ပုံဖော်ခြင်း)

Dr. Yelwin
February 22, 2026
102 Views
🚀 Design Thinking အပိုင်း (၆) - Ideation & Prototype Matrix (ရွေးချယ်ခြင်းနှင့် ပုံဖော်ခြင်း)

မနေ့က ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ User Persona (ကိုအောင်) ရဲ့ နေ့စဉ်ဘဝကို အခြေခံပြီး သူ့ပြဿနာကို တကယ်ဖြေရှင်းပေးနိုင်မယ့် Idea ကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ အဆင့်ကို ရောက်လာပါပြီ။ ကိုအောင့်ရဲ့ User Persona ကို ကြည့်လိုက်တာနဲ့ ကျွန်တော်တို့ ဖြေရှင်းပေးရမယ့် "Opportunity Gap" ကို အထင်အရှား မြင်လိုက်ရပါပြီ။ ကိုအောင်ဟာ မနက် ၆ နာရီကနေ ည ၇ နာရီအထိ အပြင်မှာပဲ အချိန်ကုန်နေရသူပါ။ တစ်နေ့ကို (၃) နာရီကျော်လောက် ဘတ်စ်ကားပေါ်မှာ အချိန်ဖြုန်းနေရတယ်။ သူ့အတွက် "သစ်သီးဝယ်ဖို့၊ ဆေးဖို့၊ လှီးဖို့" ဆိုတာ စိတ်ကူးယဉ်ရတာထက် ပိုမဖြစ်နိုင်ပါဘူး။ 🛠️ ဘယ် Idea ကို ရွေးမလဲ? (Prioritization Matrix) အကြံဉာဏ်တွေ (Ideas) အများကြီး ထွက်လာတဲ့အခါ ဘယ်အရာကို အရင်စလုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ Prioritization Matrix (2x2 Matrix) ကို သုံးရပါမယ်။ ဒီ Tool က အကြံဉာဏ်တွေကို ကဏ္ဍ (၂) ခုနဲ့ တိုင်းတာပါတယ်- ၁။ Value: ကိုအောင့်အတွက် ဘယ်လောက် အကျိုးရှိပြီး သူ့ပြဿနာကို ပြေလည်စေလဲ? ၂။ Effort: ကျွန်တော်တို့ဘက်က ဒါကို ဖန်တီးဖို့ ဘယ်လောက် ခက်ခဲ/ကုန်ကျမလဲ? 📝 လေ့ကျင့်ခန်း - အကြံဉာဏ် ရွေးချယ်ခြင်း ကိုအောင့်အတွက် ကျွန်တော်တို့မှာ Idea (၃) ခု ရှိနေတယ်ဆိုပါစို့။ ကိုအောင့်ရဲ့ Daily Life အခြေအနေအရ ဘယ်တစ်ခုက "လုပ်ရတာ ထိရောက်ပြီး အကျိုးကျေးဇူး အများဆုံး" ဖြစ်မလဲဆိုတာ ဝိုင်းရွေးပေးကြပါဦး။ Idea A: Home Delivery Service ကိုအောင့်အိမ်ကို နေ့တိုင်း လတ်ဆတ်တဲ့ သစ်သီးတွေ လာပို့ပေးမယ်။ (ဒါပေမဲ့ ကိုအောင်က တစ်နေ့လုံး အပြင်မှာ၊ အိမ်မှာ လက်ခံမယ့်သူ မရှိဘူး)။ Idea B: Grab & Go Fruit Vending Machine ကိုအောင် နေ့တိုင်း စီးနေကျ ဘတ်စ်ကားမှတ်တိုင်တွေမှာ "အသင့်စား သစ်သီးဗူး" အရောင်းစက်တွေ ထားပေးခြင်း။ (လမ်းကြုံဝင်ဝယ်ရုံပဲ၊ နွှင်စရာမလို၊ ဆေးစရာမလို)။ Idea C: Fruit Reminder App ကိုအောင့်ကို သစ်သီးစားဖို့ ဖုန်းထဲကနေ သတိပေးမယ်။ (ဒါပေမဲ့ သစ်သီးကိုတော့ သူကိုယ်တိုင် ဝယ်ဖို့၊ နွှင်ဖို့ အချိန်ရှာရဦးမယ်)။ 🤔 မေးခွန်း - ဘယ် Idea က အထိရောက်ဆုံးလဲ? ကိုအောင့်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှု (Persona) အရ သင်သာ ဒီဇိုင်နာဆိုရင် ဘယ် Idea ကို ရွေးမလဲ? ဘာကြောင့်လဲဗျာ? Comment မှာ သင့်ရဲ့ အမြင်ကို ဆွေးနွေးပေးခဲ့ပါ။ အဖြေမှန်တာထက် "ကိုအောင့်ပြဿနာကို ဘယ်လောက်ထိရောက်အောင် ဖြေရှင်းပေးနိုင်လဲ" ဆိုတဲ့ အချက်က ပိုအရေးကြီးပါတယ်။ ဒီအဆင့်ပြီးရင်တော့ ကျွန်တော်တို့ Design Thinking ရဲ့ အဆင့်မြင့်ဆုံးအပိုင်းဖြစ်တဲ့ "Business Storytelling" (ကိုယ့် Idea ကို သူများလက်ခံအောင် ဘယ်လို ဆွဲဆောင်မှုရှိရှိ တင်ပြမလဲ) ဆိုတာကို သွားပါမယ်။ Written by Dr. Ye Lwin #DesignThinking #PrioritizationMatrix #Ideation #ProblemSolving #UserPersona #DrYeLwin #MyanmarInnovation

Related Articles (Design Thinking)

Comments (0)

No comments yet. Be the first to share your thoughts!